Our Help & Support

Liquid Oxygen Answer the Questions

Our Help & Support

Liquid Oxygen Answer the Questions

Support

Anything You need to know.Please Contact us!

Hotline

(+95) 09-426888801

Customer Service

(+95) 09-426888801

E-mail

sales@kitajimamyanmar.com

F.A.Q.

Frequently Asked Questions

1. Liquid Oxygen က ဘယ်လို ပုံစံရှိလဲ။ ဘယ်လိုအရောင်ရှိသလဲ။

Liquid Oxygen သည် အရည်ပုံစံဖြင့် တည်ရှိပြီး ပြာလဲ့လဲ့ ( pale blue color) အရောင်ရှိပါသည်။

Liquid oxygen (pale blue) in a beaker.

2. Liquid Oxygen ဆိုတာ ဘာလဲ။ဘယ်လိုနည်းဖြင့်ထုတ်လုပ်နိုင်သလဲ။

Oxygenသည့် သဘောသဘာဝအရ -182.86° တွင် Liquid သို့ပြောင်းလဲပါသည်။ ထိုအချက်ကိုအခြေခံပြီး Cryogenic နည်းဖြင့် လေထဲမှ Oxygen ကို -182-86°ပြုလုပ်ပြီး ထုတ်လုပ်ထားသည့် Oxygen အရည်မှာ Liquid Oxygen ဖြစ်ပါသည်။

3. Liquid Oxygen ကို အငွေ့(Gas) ဖြစ်အောင် လုပ်ဖို့ ဘယ်လို Equipment များလိုအပ်ပါသလဲ။

-182.86°ရှိသည့် Liquid Oxygen ကို သို့လှောင်ရန် အပူချိန်ထိန်း ဓါတ်ဗူးကဲ့သို့တည်ဆောက်ထားသည့် Liquid Storage Tank (Liquid Tank) တခု၊ ၎င်းLiquid Tank ရှိ Liquid Oxygen ကို Gas သို့ ပြောင်းလဲပေးသည့် Ambient Vaporizer တခု၊ ဆေးရုံပိုက်လိုင်းမှလိုအပ်သည့် Pressure ကို ထိန်းညှိပေးသည့် Pressure Regulator တခုလိုအပ်ပါသည်။

4. ဆေးရုံတွင်တပ်ဆင်ထားသည့် Liquid Oxygen Supply System အတွက် လျှပ်စစ်မီး အသုံးပြုပါသလား။ မီးပျက်သွားလျှင် ဆေးရုံပိုက်လိုင်းများတွင် Oxygen ပြတ်လတ်သွားနိုင်ပါသလား။

Liquid Oxygen Supply Systemကို Monitoring ပြုလုပ်ရန် အတွက် CCTV များတပ်ဆင်ထားပါသဖြင့် လျှပ်စစ်မီးလိုအပ်ပါသည်။ သို့ရာတွင် Liquid Oxygen Supply System ရှိ Liquid Tank, Ambient Vaporizer, Pressure Regulator မှာ လျှပ်စစ်မီးမလိုအပ်ပါသဖြင့် မီးပျက်သွားလျှင်လည်း ဆေးရုံပိုက်လိုင်းများတွင်  Oxygen ပြတ်လတ်သွားခြင်းမရှိပါ။

5. Liquid Oxygen ကို ဘယ်လိုUnit နဲ့ တန်ဘိုးတွက်ချက်ပါသလဲ။ Oxygen Gas Cylinder (40Lအိုး) တလုံးရဖို့ Liquid Oxygen ဘယ်လောက်လိုပါသလဲ။

Liquid Oxygen ကို အခြေခံအားဖြင့် kg (weight) ဖြင့်တွက်ချက်ပါတယ်။ Oxygen Gas Cylinder (40Lအိုး) တလုံးမှာ Oxygen Pressure 1600PSI ရှိမယ်ဆိုရင် Oxygen Volume 4414 Liters ပါတဲ့အတွက် Liquid Oxygen 5.594kg နဲ့ ညီမျှပါတယ်။

Oxygen Gas Cylinder (40Lအိုး၊ 1600 PSI) =Oxygen Volume 4414 Liter= Liquid Oxygen 5.594kg

6. ဆေးရုံများရှိLiquid Tank တခုမှာ Oxygen Gas Cylinder (40Literအိုး) ဘယ်နှစ်လုံးစာ Storage ပြုလုပ်နိုင်ပါသလဲ။

Liquid Tank Sizeများမှာ 5m3 မှ 100m3 အထက်အထိရှိပါတယ်။ မြန်မာပြည်ရှိဆေးရုံများမှာ အများအားဖြင့် 5m3, 10m3,20m3 နဲ့ 30m3 များအသုံးပြုပါတယ်။

10m3 Liquid Tank မှာ Oxygen Gas Cylinder (40Literအိုး, 1600PSI) အလုံးပေါ်င်း 1800ခန့် Storage ပြုလုပ်နိုင်ပါတယ်။

7. ဆေးရုံများရှိ Liquid Tank များသို့ Liquid Oxygen ကိုမည့်သို့ ထပ်မံ့ဖြည့်ပါလဲ။

Liquid Oxygen ထုတ်လုပ်သည့် စက်ရုံများမှ Liquid Oxygen ကို Liquid  Oxygen Delivery Truck (ISO Tank)  များဖြင့် ထည့်သွင်းသယ်ယူလာပြီး ဆေးရုံများရှိ Liquid Tank များတွင်လိုသလောက်ထပ်မံဖြည့်တင်း ( Filling ) ပါသည်။

ဆေးရုံတွင် Liquid Oxygen ဖြည့်တင်း(Filling) ပြုလုပ်ရာတွင် ISO Tank Pressure ကို ဆေးရုံရှိ Liquid Tank Pressure ထက်မြှင့်တင်ထားပြီး Pressure များရာမှနည်းရာသို့ Pressure ဖြင့် တွန်းထည့်ခြင်းဖြစ်ပါသည်။ သို့ရာတွင် အချိုသော ISO Tank များမှာ Low Pressure Tank များဖြစ်ခြင်းကြောင့် Pressure Pumpများဖြင့် တွန်းထည့်ရသည်များလည်းရှိပါသည်။

8. ဆေးရုံများရှိ Liquid Oxygen လူတွေကိုအန္တရာယ်ပြုနိုင်လား။ မီးလောင်နိုင်လား။မီးလောင်မှုကို အားပေးလား။ပေါက်ကွဲနိုင်လား။အန္တရာယ် မဖြစ်အောင် ဘာတွေ ဆောင်ရွက်ရမလဲ။

Liquid Oxygenသည့် မသုံးတတ်၊ မထိမ်းသိမ်းတတ်လျှင် လူတွေကိုအန္တရာယ်ပြုနိုင်ပါသည်။Oxygen သည်ကိုယ်တိုင်မီးမလောက်ဘဲ မီးလောင်ခြင်းကို အားပေးပါသည်။

ဖြစ်တတ်သည့် အန္တရာယ်များမှာ

  • 182.6°ရှိသောကြောင့် Filling ပြုလုပ်ချိန်နှင့် အခြား Maintenance အချိန်များတွင် လူခန္ဒာကိုယ်နှင့်ထိလျှင် မီးလောင်ခံရသကဲ့သို့ အရေပြား၊ အသားများလောင်ကျွမ်းနိုင်ခြင်း
  • Liquid Oxygen သို့မဟုတ် Oxygen Gas ယိုစိမ့်မှုကြောင့် အနီးအနားတွင် မီးရှိပါလျှင် မီးလောင်ခြင်းကို အားပေးနိုင်ခြင်း၊
  • Liquid Tank အတွင်း Pressure များလာခြင်းကြောင့် Liquid Oxygen Tank ၏ Safety Valve ပွင့်နိုင်ခြင်း၊ Tank ပေါက်ကွဲခြင်းများဖြစ်နိုင်ပါသည်။

အထက်ပါအန္တရာယ်များနည်းအောင်

  • International Standard ရှိသည့် System များကို အသုံးပြုခြင်း၊
  • ကျွမ်းကျင်ဝန်ထမ်းများဖြင့်သာဆောင်ရွက်ခြင်း၊
  • Liquid Tank ကို လုံခြုံအောင်ထားရှိခြင်း၊
  • Liquid Oxygen , Gas Oxygen များယိုစိမ့်မှုမရှိအောင် ပုံမှန်စစ်ဆေးခြင်း Maintenance ပြုလုပ်ခြင်း၊
  • Hight Pressure Tank များအသုံးပြုခြင်း၊
  • နေ့စဉ် Tank Pressure များကို Monitoring ပြုလုပ်ခြင်း၊
  • Tank ပတ်ဝန်းကျင်တွင် မီးလောင်နိုင်သည့်ပစ္စည်းထားရှိခြင်းနှင့် မီးအသုံးပြုခြင်းများရှောင်ကျဉ်ခြင်း၊
  • မည်သည့်ဆီကိုမျှ အသုံးမပြုရခြင်း။

9. ပြင်ပလေထုအပူချိန်ကြောင့် -182.86°ရှိသည် Liquid Oxygen မှာ Vaporization (အငွေ့ပြန်ခြင်း)ရှိမရှိနှင့် Vaporization ဖြစ်ခဲ့လျှင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ကို သိလိုပါသည်။

ပြင်ပလေထုအပူချိန်ကြောင့် -182.86°ရှိသည် Liquid Oxygen သည် Vaporization ဖြစ်ပေါ်ပါသည်။

Vaporization ကြောင့် Liquid Tankအတွင်း Gas များပြားလာမည်ဖြစ်ပါသဖြင့်ဆေးရုံတွင် အသုံးမရှိလျှင် Liquid Tank Pressure မှာ မြင့်တက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် Liquid Tank Pressure ကို ပုံမှန် Monitoring ပြုလုပ်နေရခြင်းဖြစ်ပါသည်။

10. သိုလှောင်ထားပြီး အသုံးပြုနည်းလျှင် သို့မဟုတ် အသုံး မရှိလျှင် ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ ဘယ်လို ထိန်းသိမ်းရပါမလဲ။

Liquid Oxygen ကို အသုံးပြုမှုနည်းလျှင် သို့မဟုတ် အသုံးပြု မရှိလျှင် Tank အတွင်းရှိ Gas Pressure တက်လာမည် ဖြစ်ပြီး သတ်မှတ်ထားသော MPa ခံနိုင်ရည်ထက် ကျော်လွန်သွားလျှင် Tank ရှိ Safety Valve ပွင့်သွားမည် ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် Tank Pressure တက်လျှင် Tank Pressure ကို မြှင့်တင်ပေးသည့် Gas Through Valve, Gas Increasing Valve များကို ပိတ်ခြင်း၊ Gas Pressure ကို လျှော့ချပေးခြင်းများပြုလုပ်ရမည်။  လိုအပ်လျှင် Liquid Tank အတွင်းရှိ Oxygen Gas ကို ပြင်ပလေထုသို့ မှုတ်ထုတ်ခြင်း(Blowing) ပြုလုပ်ရပါသည်။

11. ဆေးရုံရှိ Liquid Oxygen Tank များတွင် တရက်လျှင် Liquid Oxygen မှ Vaporization ဖြစ်သည့် Liquid Weight(kg) ကိုသိချင်ပါသည်။

Liquid Oxygen မှ Vaporization ဖြစ်သည့် Liquid Weight မှာ Liquid Oxygen Tank Standard, Liquid Tank Size, Liquid Tank တွင်ရှိနေသည့် Liquid Oxygen Volume, ပြင်ပအပူချိန်, Liquid Tank ထားရှိသည့် အနေအထား(အရိပ်ရှိမရှိ) ပေါ်မှုတည်ပြီး ပြောင်းလဲနိုင်ပါသည်။

12. ISO Tank ဖြင့် ဆေးရုံရှိ Liquid Tank သို့ Liquid Oxygen မည်မျှ(kg)ဖြည့်သည် ( Filling Invoice Amount )ကို မည်သို့တွက်ချက်ပါသလဲ။

Delivery ပြုလုပ်သည့် ISO Tank Truck၏ Weight ကို ဆေးရုံတွင် Filling မပြုလုပ်မှီ( Before   Weight kg) နှင့် Filling ပြုလုပ်ပြီး ( After Weight kg ) Weight ကို တိုင်းယူပြီး ကွာခြားချက်ဖြင့် Liquid Oxygen kg မည့်မျှဖြည့်သည်ကို တွက်ချက်ပါသည်။

အထက်ပါနည်းအပြင် အချို့သော ISO Tank Truck များတွင် Digital Meter Gaugeများပါရှိလျှင်လည်း မည့်မျှ Filling ပြုလုပ်သည်ကို သိရှိတွက်ချက်ပါသည်။ သို့ရာတွင် Digital Meter Error အဖြစ်များသောကြောင့် ISO Tank Truckများတွင် Digital Meterမပါခြင်းကြောင့် အထက်ပါ Truck Weight ဖြင့်သာ တွက်ချက်ကြပါသည်။

13. Liquid Tank တွင် Liquid Oxygen Kg မည်မျှကျန်သည်ကို မည့်သို့သိရှိနိုင်ပါသလဲ။

    • ဆေးရုံLiquid Oxygen Tankတွင် Liquid Oxygen မည့်မျှရှိသည်ကို ပြသပေးသည့် MMWC Gauge များပါရှိပြီး၊ ၎င်းMMWC နှင့်ဆက်စပ်သည့် Liquid Oxygen Volume, Weight ဇယားများမှတဆင့် ကျန်ရှိသည့် Liquid Oxygen Kgကို သိရှိနိုင်ပါသည်။

14. Liquid Tank ရှိ MMWC Gaugeဖြင့် Liquid Oxygen မည်မျှ(kg)ဖြည့်သည်ကို တွက်ချက်နိုင်ပါသလား။ မည်သည့်အတွက်ကြောင့် Filing Invoice Amount ကို MMWC Gauge ဖြင့်မတွက်ချက်ပါသလဲ။

    • ဆေးရုံLiquid Oxygen Tankတွင်တွင်ပါရှိသည့် MMWC Gauge များမှတဆင့် Filling မပြုလုပ်မှီ( Before Weight kg) နှင့် Filling ပြုလုပ်ပြီး ( After Weight kg ) Weight ကို သိရှိနိုင်ပါသည်။
    • သို့ရာတွင် Filling ပြုလုပ်နေစဉ် ဆေးရုံတွင်အသုံးပြုနေခြင်း၊ Tank Pressure အတက်အကျပေါ်မှုတည်ပြီး ပြသသည့် MMWC မတိကျနိုင်ခြင်း၊ Analog MMWC Meter မှာ ပြသသည့်လက်တံနှင့် ကြည့်ရှုသည့်အခြေအနေပေါ်မှုတည်ပြီး မတိကျနိုင်ခြင်းများကြောင့် အကြမ်းဖျဉ်းData အနေဖြင့် Reference ပြုလုပ်ရန်အတွက်သာ အသုံးပြနိုင်ပြီး နိုင်ငံတကာတွင်လည်း Filing Invoice Amount ကို Tank တွင်ပါရှိသည့် MMWC Meter ဖြင့် တွက်ယူခြင်းမပြုလုပ်ပါ။

15. Liquid Tank Pressure ကို အနိမ့်အမြင့် (အတင်အချ) ပြုလုပ်ရနိုင်ပါသလား။

  • Liquid Oxygen Tankတွင် တွဲလျက်ပါရှိသည့် Ambient Vaporizer သို့ Liquid Oxygen ကို ဖြတ်သန်းစေပြီး Liquid Tank အတွင်းသို့ Oxygen Gas များကို ဖြည့်ထည့်ပေးခြင်းဖြင့် Liquid Tank Pressure ကို မြှင့်တင်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် Ambient Vaporizer အဝင်အထွက်Valve များဖြစ်သည့် Increasing Valve နှင့် Gas Through Valve များကို ဖွင့်ပေးရန်လိုအပ်ပါသည်။
  • ထိုအပြင် ဆေးရုံအသုံးပေါ်မှုတည်ပြီး Liquid Tank တွင် ပါရှိသည့် Regulator ဖြင့် လည်း လိုအပ်သော Pressure မြှင့်တင်ခြင်းကို ညှိနှိုင်း(Adjust)နိုင်ပါသည်။

Liquid Oxygen Answer the Questions