Our Help & Support

Installation Answer the Questions

Our Help & Suport

Installation Answer the Questions

Support

Anything You need to know.Please Contact us!

Hotline

(+95) 09-426888801

Customer Service

(+95) 09-426888801

E-mail

sales@kitajimamyanmar.com

F.A.Q.

Frequently Asked Questions

1. ဆေးရုံ၏ Oxygen Pipe Line အတွက် အသုံးပြုနိုင်သည့် Oxygen Supply System များကို သိရှိလိုပါသည်။

ဆေးရုံ၏ Oxygen Pipe Lineများအတွက် Cold Evaporator System (CE System), Liquid Gas Container System (LGC) System, Cylinder System နှင့် PSA System (Pressure Swing Absorption System)  ဟူပြီး ၄မျိုးရှိပါသည်။

Cold Evaporator System (CE System)နှင့် Liquid Gas Container System (LGC) System သည် Liquid Oxygen Oxygen ထုတ်လုပ်သည့် စက်ရုံမှ Liquid Oxygen ကို Liquid Tank သို့မဟုတ် Liquid Container တွင်ထည့်ပြီး Evaporator နှင့် Pressure Regulator မှတဆင့် ဆေးရုံသို့ Oxygen ပေးပို့သည့်စနစ်ဖြစ်ပါသည်။

Cylinder System မှာ Oxygen Gas Cylinder များကို Manifold (Pressure Regulator) နှင့်ချိတ်ဆက်ပြီး ဆေးရုံသို့ Oxygen ပေးပို့သည့်စနစ်ဖြစ်ပါသည်။

PSA System (Pressure Swing Absorption System) မှာ Non Cryogenic နည်းဖြင့် ပြုလုပ်ထားသည့် Plant မှ Oxygen ကိုထုတ်လုပ်ပေးပြီး ၎င်းPlant မှ တိုက်ရိုက်ဆေးရုံသို့ Oxygen ပေးပို့သည့်စနစ် ဖြစ်ပါသည်။

ဆေးရုံတွင် လျှပ်စစ်မီးပျက်လျှင်  PSA Systemမှ Oxygen ပေးပို့မှုရပ်တန့်သွားမည်ဖြစ်ပြီး ကျန်စနစ်များမှာ Oxygenပေးပို့မှု ရပ်တန့်သွားခြင်းမရှိပါ။

2. Medical Pipe line များ၏Gasအမျိုးစားအလိုက် အရောင်များကို မည်သို့သတ်မှတ်ထား ပါသလဲ။

နိုင်ငံပေါ်မှုတည်ပြီး သတ်မှတ်ထားသည့် အရောင်များမှာ မတူညီကြပါ။

Japan Industrial Standard (JIS) တွင် အောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားပါသည်။

Oxygen Pipe – အစိမ်းရောင်

Vacuum Pipe – အမည်းရောင်

Air Pipe – အဝါရောင်

Carbon Dioxide – လိ‌မ္မော်ရောင်

Nitrous oxide – အပြာရောင်

3. Oxygen Pipe Line သည် Copper Pipe ကို ဘာကြောင့် အသုံးပြုရပါသနည်း။

Copper Pipe သည် Antimicrobial ဂုဏ်သတ္တိရှိခြင်းကြောင့် Medical Gas Pipe များအတွက် Copper Pipe များအသုံးပြုခြင်းဖြစ်ပါသည်။

https://en.wikipedia.org/wiki/Antimicrobial_copper-alloy_touch_surfaces

The surfaces of copper and its alloys, such as brass and bronze, are antimicrobial. They have an inherent ability to kill a wide range of harmful microbes relatively rapidly – often within two hours or less – and with a high degree of efficiency. These antimicrobial properties have been demonstrated by an extensive body of research. The research also suggests that if touch surfaces are made with copper alloys, the reduced transmission of disease-causing organisms can reduce patient infections in hospital intensive care units (ICU) by as much as 58%.[1][2]

4. Medical Copper Pipe Size အခေါ်အဝေါ်များနှင့် ၎င်းတို့၏ thickness ကို သိချင်ပါသည်။

Medical Copper Pipe များကို အခြေခံအားဖြင့် 1/4, 3/8, 1/2 သို့မဟုတ် 8A, 10A, 15A  စသည့်ဖြင့် Pipe Size အလိုက်ခေါ်ဝေါ်ပါသည်။ အောက်ပါ JIS (Japan Industrial Standard) ၏ Medical Gas Pipe Size တွင်  အခေါ်အဝေါ်နှင့် Pipe Size ဇယားကို မှီငြမ်းနိုင်ပါသည်။

5. Pipe Line များတပ်ဆင်ရာတွင် Pipe Size များကို မည်သို့ရွေးချယ်အသုံးပြုရပါသလဲ။

အသုံးပြုမည့် Gas အမျိုးအစား၊ Gas Supply System မှ wall Outlet များအထိအကွာအဝေး၊ Pipe Size နှင့် အချိုးအကွေ့များပေါ်မှုတည်သည့် Flow Rate Losses၊  လူနာဆောင်နှင့် Wall Outlet အရည်အတွက် ၊ လူနာဆောင်အမျိုးအစား (ICU, Operation Theater, Medical Ward, Surgical Ward etc) ပေါ်မှုတည်သည့် Gas အသုံးပြုမှု အနည်းအများ၊ Building Height (အထပ်မြင့်များအတွက်) စသည်တို့ပေါ်မှုတည်ပြီး အခြေခံအားဖြင့် Supply System မှ အဆောက်အဦး သို့မဟုတ် Ward များသို့ သွားသည့် Main Pipe SizeBuilding အတွင်း၊ Ward အတွင်းသွားသည့်  Building (Ward) Pipe Size၊ Room အတွင်းသွားသည့် Outlet Pipe Size ဟူပြီးခွဲခြားရွေးချယ် အသုံးပြုရပါသည်။

Main Pipe , Building Pipeများကို အလွယ်တကူမပြောင်းလဲသင့်သောကြောင့် ဆေးရုံ၏ Future Plan (Extension Plan)ကိုလည်း သိရှိပြီး နှစ်ပေါင်းများစွာ အသုံးပြုနှိင်အောင် တွက်ချက်ဆောင်ရွက်သင့်ပါသည်။

6. Copper Pipe Thickness များပါးလျှင် ဘယ်လိုError များဖြစ်နိုင်ပါသလဲ။

Medical Gas Copper Pipe Line များသည့်  ဆေးရုံသက်တမ်းအတိုင်း ကြာရှည်ခံရန်လိုအပ်ပါသည်။

Pipe Thickness ပါးခြင်းကြောင့် ပိုက်များအကြားဂဟေ ဆော်ရာတွင် ရည်ရှည်အတွက် တောင့်တင်းမှု ပြည်စုံမှုမရှိခြင်း၊ ထိခိုက်မှုများ တုန်ခါမှုများ အတွက် အလွယ်တကူ ကွေးကောက်ကျိုးကျပေါက်ပြဲနိုင်ခြင်း စသည့်အားနည်းချက်များ ဖြစ်ပေါ်နိုင်ပါသည်။

ရေပိုက်များပါလျင် ကြာရှည်မခံနိုင်သကဲ့သို့ Copper Pipe များလည်း Standard မမှီလျှင် နှစ်ပေါင်းကြာရှည်ခံနိုင်မှုအားနည်းနိုင်ပါသည်။

7. Pipe Line များတပ်ဆင်ရာတွင် Pipe Size ရွေးချယ်မှုမှားလျှင် ဘယ်လို Error ဖြစ်နိုင်ပါသလဲ။

Medical Gas Pipe Line များတွင် Pipe Size ရွေးချယ်မှုမှားယွင်းပြီး Pipe Size သေးငယ်သွား မည်ဆိုလျှင် လူနာများအတွက်လုံလောက်သည့် Gas ပမာဏကို ရရှိမည်မဟုတ်ပါ။ Pipe Size ကြီးလျှင် မလိုအပ်ဘဲ ဆေးရုံအတွက် ကုန်ကျစရိတ်များမည်ဖြစ်ပါသည်။

8. Outlet များရွေးချယ်ရာတွင်မည်သည့်အချက်ဖြင့်ရွေးချယ်သင့်ပါသလဲ။

ကြာရှည်ခံနိုင်မှု၊ လိုအပ်လျှင် အလွယ်တကူပြုပြင်နိုင်မှု၊ အလွယ်တကူ spare part များဝယ်ယူနိုင်မှု၊  Outlet တွင်တပ်ဆင်မည့် Oxygen Flow Meter, Suction Device, Connector စသည်တို့ကို အလွယ်တကူရရှိနိုင်မှုပေါ်မှုတည်ပြီး ရွေးချယ်သင့်ပါသည်။

9. Outlet များရွေးချယ်ရာတွင်မည်သည့်အချက်ဖြင့်ရွေးချယ်သင့်ပါသလဲ။ Outlet Quality ညံ့လျှင် မည်သည့်Error များဖြစ်နိုင်ပါသလဲ။

ကြာရှည်ခံနိုင်မှု၊ Maintenance လွယ်ကူမှု၊ လိုအပ်လျှင် အလွယ်တကူပြုပြင်နိုင်မှု၊ အလွယ်တကူ spare part များဝယ်ယူနိုင်မှု၊  Outlet တွင်တပ်ဆင်မည့် Oxygen Flow Meter, Suction Device, Connector စသည်တို့ကို အလွယ်တကူရရှိနိုင်မှုပေါ်မှုတည်ပြီး ရွေးချယ်သင့်ပါသည်။

Medical Gas Outlet Quality သည်လည်း ရေပိုက်ခေါင်းများကဲ့သို့ပင် Plastic ပိုက်ခေါင်းမှ Steel အစစ်ပိုက်ခေါင်းများအထိမျိုးစုံရှိပါသည်။ Quality ညံလျှင် အရစ်ပြုံးခြင်း၊ ဂျီးပိတ်ပြီးအလွယ်တကူ ပြင်ရခက်ခြင်း၊ ဝါရှာမကောင်းခြင်းစသည့် ပြသနာများကြောင့် လပိုင်းအတွင်းယိုစိမ့်ခြင်း၊ ပျက်စီးခြင််းများ ဖြစ်ပေါ်နိုင်ပါသည်။

ယို့စိမ့်မှု၊ ပျက်စီးမှုများသည့် အပိုင်းလိုက်ပိတ်ထားနိုင်ခြင်း၊ ပြုပြင်နိုင်ခြင်းမရှိလျှင် System တခုလုံးရပ်နားရန်လိုအပ်ပြီး ဆေးရုံService လုပ်ငန်းကိုထိခိုက်နိုင်ပါသည်။ Oxygen ယိုစိမ့်မှုမှာ မီးအန္တရာယ်စိုးရိမ်ရခြင်းကြောင့် သတိထားရန်ပိုမိုလိုအပ်ပါသည်။

10. Pipe Line တပ်ဆင်ရာတွင်Outlet တိုင်းတွင် Valve တစ်ခုစီခံထားသင့်ပါသလား။ မတပ်ဆင်လျှင်မည့်သည် ပြသနာများဖြစ်နိုင်ပါသလဲ။

Outlet ယိုစိမ့်မှု၊ Outlet ဂျီးပိတ်မှု၊ Outlet ပျက်စီးမှုများအတွက်  Maintenanceပြုလုပ်ခြင်း ပြုပြင်ခြင်းများကို အလွယ်တကူ ပြုလုပ်ရန် Outletတိုင်းတွင် Valve တခုစီရှိနေသင့်ပါသည်။

အများအားဖြင့် Outlet တိုင်းတွင် Valve များပါဝင်ပါသဖြင့် သီးခြားValve တပ်ဆင်ရန်မလိုပါ။

Valveမရှိလျှင် ယိုစိမ့်မှု၊ ပျက်စီးမှုဖြစ်စဉ်ကာလတလျှောက်လုံး၊ Maintenance နှင့် ပြုပြင်ခြင်း ကာလတစ်လျှောက်လုံး Line တစ်ခုလုံးသို့မဟုတ် Ward တစ်ခုလုံးပိတ်ထားရခြင်း စသည့် အခက်အခဲများဖြစ်နိုင်ပါသည်။

11. Pipe Line တပ်ဆင်ရာတွင် Outlet တွင်Valve မပါဝင်ပါ။ Pipe Line တွင် Valve သီးသန့်တပ်ဆင်လျှင် ပြသနာရှိပါသလား။

Pipe Line တွင် Outlet တိုင်းတွင် သီးသန့်Valve များထပ်မံတပ်ဆင်ရခြင်းသည့် Valve Quality ပေါ်မှုတည်ပြီး Maintenance ပြသနာကိုပိုမိုများပြားစေခြင်းကြောင့် valve ပါဝင်သည့် Outlet ကိုရွေးချယ်သင့်ပါသည်။

Installation Answer the Questions