Our Help & Support

Cylinders Answer the Questions

Our Help & Suport

Cylinders Answer the Questions

Support

Anything You need to know.Please Contact us!

Hotline

(+95) 09-426888801

Customer Service

(+95) 09-426888801

E-mail

sales@kitajimamyanmar.com

F.A.Q.

Frequently Asked Questions

1. ဆေးရုံသုံးဓာတ်ငွေ့အမျိုးအစားများနှင့် ၎င်းတို့၏သဘောသဘာဝ၊ အသုံးဝင်ပုံများကို သိချင်ပါတယ်။

စာလုံးအရောင်၊ ဆလင်ဒါအရောင်များသည် Japan Industrial Standard (JIS) ကို အခြေခံဖေါ်ပြထားပါသည်။ နိုင်ငံအလိုက်ကွဲပြားမှုရှိနိုင်ပါသည်။

2. Oxygen သည် ဘယ်လို အရောင်၊အနံ့၊အရသာ ရှိပါသနည်း။

Oxygen သည် ‌အရောင်၊ အနံ့ ၊ အရသာ မရှိပါ။ ကိုယ်တိုင်မီးမလောင်ပါ။ မီးလောင်မှုကို အားပေးသည်။

3. လေထုထဲတွင် Oxygen ဘယ်လောက်ပါဝင်ပါသလဲ။ အခြားမည်သည့်ဓါတ်ငွေ့များလဲ ပါဝင်ပါသလဲ။

လေထုထဲတွင် Oxygen 20.95% ပါဝင်ပါသည်။ Nitrogen  မှာ 78.08% နှင့် အများဆုံးပါဝင်ပြီး၊ Argon, Xenon, Neon, Hydrogen, Helium, Krypton, Carbon Dioxide ဓါတ်ငွေ့များလည်းပါဝင်ပါသည်။

4. Oxygen Purity ဆိုတာဘာလဲ။ ထုတ်လုပ်သည့်နည်းစနစ်ပေါ်မှုတည်ပြီး ကွဲပြားမှုရှိပါသလား။

Oxygen Purity ဆိုသည်မှာ Oxygen Gas သို့မဟုတ် Liquid Oxygen တွင် ပါဝင်သည့်  Oxygen ပါဝင်နှုန်းဖြစ်ပြီး Oxygen ထုတ်လုပ်သည့် နည်းစနစ်ပေါ်မှုတည်ပြီး ကွဲပြားမှုရှိပါသည်။

ဥပမာ Non Cryogenic နည်းဖြစ်သည့် PSA Systemဖြင့် ထုတ်လုပ်လျှင် Oxygen Purity (O2 ပါဝင်နှုန်း) မှာ 93%±3 ဖြစ်ပြီး၊ Croyogenic နည်းဖြင့်ထုတ်လုပ်လျှင်  99.5% ဖြစ်ပါသည်။

5. Medical Oxygen ဆိုတာဘာလဲ။ Industrial Oxygen နှင့်ကွာခြားပါသလား။

WHO(World Health Organization) တွင် Medical-Use Oxygen သည် Industrial Oxygenနှင့် Purity , Quality မှာ လွန်စွာကွဲပြားမှုရှိသည့် အတွက် Industrial Oxygen ကို Medical Use အတွက် အသုံးမပြုနိုင်ကြောင်းဖေါ်ပြထားပါသည်။

Industrial Oxygen သည် လူများအသုံးပြုရန်အတွက် မသင့်လျော်ကြောင်း (not intended for human use)၊ Medical oxygenသည့် Medical Oxygen ဖြစ်ကြောင်း အထောက်အထားများ၊ Purity နှင့် Content များ အပြင် လူနာဆီ သို့ရောက်ရှိသည့်အထိ သင့်လျှော်သည့် သိုလှောင်မှု၊ ပို့ဆောင်မှုများ အားလုံးကို တာဝန်ရှိသူများ၏ သတ်မှတ်ချက်များ ( authorized Specification )  ဖြင့် ဆောင်ရွက်ရန်လိုကြောင်းကိုလည်း WHO တွင် ညွန်ကြားထားပါသည်။

WHO တွင် ထုတ်လုပ်သည့်နည်းစနစ်ပေါ်မှုတည်ပြီး Medical Oxygen တွင်ပါဝင်ရမည့် Oxygen % အောက်ပါအတိုင်းဖေါ်ပြထားပါသည်။

1.For oxygen produced by the air-liquefaction process, the International Pharmacopoeia, Currently, oxygen must contains not less than 99.5% v/v of O2.

2.For Pressure Swing Adsorption (PSA) plants, the WHO interim guidance technical specifications for PSA plants, to produce medical oxygen 93%±3 from ambient air”

3.For oxygen concentrators, the WHO-UNICEF technical specifications and guidance for oxygen therapy devices,. “The concentrator should delivery of low-flow, continuous, clean and concentrated oxygen (> 82%) from room air (21%). “

6. Cylinders size ကို ဘယ်လိုခွဲခြားခေါ်ရသနည်း။Cylinders size ကို ဘယ်လို သိရှိနိုင်သနည်း။

Cylinder အတွင်းသို့ ရေထည့်လျင်ဆန့်သည့် ပမာဏ(Volume) ဖြင့် Cylinder အမည်ကို ခွဲခြားခေါ်ဝေါ်ကြပါသည်။တနည်းအားဖြင့် 0 Psi Pressure တွင် Oxygen ဝင်ဆန့်သည့် ပမာဏ (Volume) ဖြင့် Cylinder အမည်ကို ခွဲခြားခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။

ရေ၁၀လီတာဆန့်လျှင် 10Liter (10L) Cylinder ဟုခေါ်ဝေါ်ကြပါသည်။

အကြမ်းအားဖြင့် 10L Cylinderမှာ diameter 14cm x height 85cm, 40L Cylinder မှာ Diameter 23cm x height 120cm, 47L Cylinder မှာ Diameter 23cm x Height 138cm ရှိပါသည်။

7. Oxygen Cylinder Pressure ကို မည်သို့သိရှိနိုင်ပါသလဲ။

Cylinder ခေါင်း(Valve)တွင် တပ်ဆင်သည့် Flow Meterများတွင် Pressure Meter များပါရှိပါသဖြင့် ၎င်း Pressure Meter မှ Cylinder တွင်ပါရှိသည့် Oxygen Pressure ကို သိရှိနိုင်ပါသည်။

Oxygen Pressure Meter မှာ အမျိုးအစားပေါ်မှုတည်ပြီး PSI သို့မဟုတ် MPa စသည့် Unit များဖြင့် ဖေါ်ပြလေ့ရှိပါသည်။

8. Cylinder Size နှင့် Oxygen Pressure ပေါ်မှုတည်ပြီး Oxygen ပါဝင်မှုကွာခြားမှုရှိပါသလား။ Cylinder တလုံးတွင် Oxygen မည်မျှပါဝင်သည်ကို မည့်သို့သိရှိနိုင်ပါသလဲ။

Cylinder Size ကြီးလျှင် Oxygen Volume ပိုဆန့်မည် (Space ပိုများမည်) ဖြစ်ပြီး၊ Pressure များလျင်များသလို Oxygen ကို ပိုမိုဖိသိပ်ထည့်ထားခြင်းကြောင့် Oxygen Volume ပိုများမည်ဖြစ်ပါသည်။

Cylinder ရှိ Oxygen ပါဝင်မှုVolumeကို Liter (လီတာ) ဖြင့် ဖေါ်ပြပြီး ပါဝင်မှုကို အောက်ပါအတိုင်း တွက်ချက်သိရှိနိုင်ပါသည်။

   Cylinder Size (L) x Pressure (Mpa) x 10 = O2 Volume (L)

   Cylinder Size (L) x Pressure (PSI) x 10/145 = O2 Volume (L)   1 MPa= 145 Psi

  (example) 47L x 1,800 PSI x 10/145= 5,834 Liter (O2 Volume)

9. Oxygen Gas Cylinderတလုံးကို အချိန်မည်မျှ လူနာအတွက် အသုံးပြုနိုင်မည်ကို မည်သို့ တွက်ချက်ရပါသလဲ။

ပထမဦးစွာ Cylinder Sizeနှင့် ပါဝင်သည့် Oxygen Pressure ဖြင့် Cylinder တွင်ပါဝင်သCyည့် Oxygen Volume (Liter) ကို တွက်ချက်ရပါသည်။

   Cylinder Size (L) x Pressure (Mpa) x 10 = O2 Volume (L)

   Cylinder Size (L) x Pressure (PSI) x 10/145 = O2 Volume (L)    1 MPa= 145 Psi

ထိုနောက် လူနာကို Flow Meter မှချိန်ပြီး Oxygen ပေးသည့်(ပေးမည့်) Flow Rate ( Liter/Minute) ဖြင့် Cylinder တွင်ပါသည့် Oxygen Volume (liter) ကို စားလျှင် လူနာအတွက် အသုံးပြုနိုင်မည် အချိန်ကို ရရှိမည်ဖြစ်ပါသည်။

Oxygen Volume (Liter) in Cylinder / Flow Rate (Liter/minute) = အသုံးပြုနိုင်မည် အချိန်(minute)

  • 47L(Liter) Cylinder x 1800PSI x10/145 = 5,834 L(Litter)

လူနာတစ်ယောက်သည်  5 Litter/minute  ရှုရလျှင် 5,814L /5 Liter =1,163minute

(၁၉နာရီ ၁၂မိနစ်အသုံးပြုနိုင်)

10. Pressure Unit များကို သိရှိလိုပါသည်။ ၎င်းUnit များ၏ ဆက်စပ်မှုကိုလည်း သိချင်ပါသည်။

    • မြန်မာနိုင်ငံတွင် အများအားဖြင့် PSI, MPa, Bar ကို Oxygen Cylinder ၏ Pressure Unit အဖြစ်အသုံးများပါသည်။Pressure Unit များ၏ဆက်စပ်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Cylinders Answer the Question