Welcome To Kitajima Myanmar

Welcome To Kitajima Myanmar

About KITAJIMA 

Corporate Profile

Kitajima Co.,Ltd ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၃) ရက် နေ့တွင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ပါသည်။
JICA ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး Medical Oxygen များကို    သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ ပဲခူးဆေးရုံးကြီး၊ ဟင်္သာတ ဆေးရုံကြီး၊ သန်လျင်ဆေးရုံကြီး၊ စုစုပေါင်း ဆေးရုံကြီး (၅) ခုသို့ လစဉ် Medical Oxygen အလုံး (၁၀၀၀) ကို (၃)နှစ် Project ဖြင့် လှူဒါန်းနေသော ကုမ္ပဏီဖြစ်ပါသည်။
ကျွန်တော်များ Kitajima Co.,Ltd သည် ဆေးရုံသုံး Oxygen နှင့် ပတ်သက်ပြီး ပညာပေးခြင်း၊ ဆေးရုံသုံး Oxygen များ၏ သန့်ရှင်းမှု၊ အရည်အသွေးပြည့်မှီမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှုတို့ကို စစ်ဆေးတိုင်းတာပြီး အာမခံရောင်းချခြင်း၊ ဆေးရုံသုံးပိုက်လိုင်းစနစ်များကို ဂျပန်နည်းပညာဖြင့် တည်ဆောက်ပေးခြင်း၊ ဆေးရုံသုံးခေတ်မီ ဂျပန်စက်ကိရိယာ ပစ္စည်းများ တင်သွင်းရောင်းချခြင်းနှင့် လိုအပ်သော နည်းပညာများကို ပံ့ပိုးပေးခြင်း၊ အနာဂါတ်တွင် အရည်အသွေးပြည့်မှီပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းသော ဆေးရုံသုံး Oxygen ကို မြန်မာတနိုင်ငံလုံး၌ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များကို ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

Our Goal

အရည်အသွေးပြည့်၊ ပမာဏပြည့်မီစေရန်၊ ခေတ်မီစက်ကိရိယာများနှင့် စမ်းသပ်စစ်ဆေးပြီး လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးနှင့် ညီညွှတ်မှု၊ ဝန်ဆောင်ခြင်း ကောင်းမွန်မှုများဖြင့် ဆေးရုံသုံံး Oxygen များကို ဆေးရုံလူနာများထံသို့ တိုက်ရိုက်ပို့ဆောင် ဖြန့်ဖြူးပေးနေပါသည်။ ကျွမ်းကျင်သော ဝန်ထမ်းများဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်း၊ (၂၄)နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးခြင်းတို့ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျှက်ရှိပါသည်။ ဂျပန်နိုင်ငံ၏ နည်းပညာများဖြင့် သန့်ရှင်းသော အရည်အသွေး ပြည့်မီသော ၊ ကျန်းမာရေးနှင့် ညီညွတ်သော အောက်ဆီဂျင်များကို ဆေးရုံများ၊ လူနာများ လက်ထဲသို့ အရောက်ပို့ဆောင်ပေးရန် ရည်ရွယ်ပါသည်။

Our Policy

ဝန်ထမ်းများ၏ အသိပညာ၊အတွေအကြုံ နှင့် Customer များအပေါ်ထားရှိသည့် စေတနာကို ပိုမိုကောင်းမွန်အောင် ပြုစုပျိုးထောင်ပြီး ယုံကြည်မှု၊ သစ်စာရှိမှု တာဝန်ခံမှု ကို တန်ဘိုးထားခြင်းဖြင့် မိမိတို့နှင့် Customerများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်အနာဂါတ်ကို တည်ဆောက်ဖန်တီးနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပါသည်။

Our History

၂၀၂၁ခုနစ်

၂၀၂၁ခုနစ် ခုနှစ်အထိဆေးရုံပေါင်း 22ခုတွင် Medical Gas (Oxygen, Air, Suction, Nitrous Oxide, Carbon Dioxide) wall outlet ပေါင်း ၁၆၀၀ကျော် တပ်ဆင်ပြီးစီးခဲ့သည်။

၂၀၂၀-၂၁ခုနှစ်

၂၀၂၀-၂၁ခုနှစ် Covid-19 1st Wave, 2nd Wave & 3rd Wave များတွင် ကုမ္ပဏီပိုင် Liquid Oxygen Tank 10ခုကို ဆေးရုံကြီး ၉ခုတွင်တပ်ဆင်ပေးခဲ့ပြီး Liquid တန်ပေါင်း 2500 (=Cylinders 4.5သိန်း) ကို ပို့ဆောင်ပေးခဲ့သည်။

၂၀၁၉ခုနှစ်

၂၀၁၉ခုနှစ် ဇွန်လတွင် ပြည်သူ့ဆေးရုံကြီးများတွင် ပထမဉီးဆုံး Liquid Oxygen Supply System ကို တပ်ဆင်ဆောင်ရွက်ခဲ့သည်။

၂၀၁၈ခုနှစ်

၂၀၁၈ခုနှစ်တွင် Medical Oxygen လုပ်ငန်းကို ပိုမိုထိရောက် ကျယ်ပြန့်စွာ စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး Kitajima Sanso Co.,Ltd ဖြင့် Kitajima Co.,Ltd (Joint Venture Company ကို တည်ထောင်ခဲ့သည်။

၂၀၁၇-၁၉ခုနှစ်

၂၀၁၇-၁၉ခုနှစ်တွင် Verification Survey JACA Project အနေဖြင့် ပြည်သူ့ဆေးရုံများသို့ Medical Oxygen ပို့ဆောင်လှူဒါန်းခြင်း နှင့် Verification Survery လုပ်ငန်းများကို ကူညီပူးပေါင်းဆောင်ရွက်ခဲ့သည်။

၂၀၁၅-၁၆ခုနှစ်

၂၀၁၅-၁၆ခုနှစ်တွင် မြန်မာနိုင်ငံရှိ ဆေးရုံများတွင် Medical Oxygen အသုံးပြုမှုနှင့် ပတ်သက်သည့် Feasibility Survey JICA Project ကို ကူညီပူးပေါင်းဆောင်ရွက်ခဲ့သည်။

၂၀၁၅ခုနှစ်

၂၀၁၅ခုနှစ်တွင်ပင် Kitajima Sanso Co.,Ltd (Japan) ၏ နည်းပညာ အကူအညီဖြင့် Medical Oxygen ဖြန့်ဖြူးရေးလုပ်ငန်းစတင်ခဲ့သည်။

၂၀၁၅ခုနှစ်

၂၀၁၅ခုနှစ်တွင် Kitajima Myanmar Branch ဖွင့်လစ်ပြီး ဂျပန်နိုင်ငံသို့ နည်းပညာသွားရောက်လေ့လာခြင်း ဂျပန်နိုင်ငံမှ Technician များ မြန်မာနိုင်ငံသို့လာရောက်ပြီး ဝန်ထမ်းများကို ပညာသင်ပေးခြင်းများဖြင့် Technical Transfer ဆောင်ရွက်ခဲ့သည်။

About us

ဂုဏ်ပြုမှတ်တမ်းလွှာ